Local News

နေပြည်တော်တွင် သရက်သီးအကင်း (အနု)‌ တစ်လုံး ၅၀၀ အထက်ဖြင့် အရောင်းအဝယ်ဖြစ်

Last Updated:

   နေပြည်တော်ဈေးများတွင် ပေါ်ဦးပေါ်ဖျား သရက်သီးအကင်း (အနု) များ စတင်ဝင်ရောက်လျက်ရှိပြီး တစ်လုံးလျှင် ကျပ် ၅၀၀ ကနေ ၇၀၀ အထိပေး၍ ဝယ်စားနေရကြောင်း ဈေးဝယ်သူအိမ်ရှင်မများက ပြောကြားကြောင်း သိရှိရသည်။
   “ပေါ်ကာစဆိုတော့ သရက်သီးကင်းလေးတွေကို ခရမ်းချဉ်သီးငပိချက်လေးချက်ပြီး တို့မြုတ်စားချင်လို့ ဝယ်မိ ပါသည်။ တစ်လုံး ၅၀၀၊ ကြီးရင် ၇၀၀ ကျပ်ဖြင့် ဝယ်ခဲ့ရကြောင်း၊ သုပ်စားလို့ရသည့် အလုံးကြီးဆိုရင် တစ်လုံးကို နှစ်ထောင်၊ သုံးထောင်ပေးရတယ် ” လို့ အိမ်ရှင်မတစ်ဦးက ပြောကြားကြောင်း သိရှိရပါသည်။
   အခုချိန်ဟာ သရက်သီးအနုများ စတင်ပေါ်ချိန်ဖြစ်ခြင်းကြောင့် ဈေးကောင်းရလေ့ရှိပြီး ခြံပိုင်ရှင်များကလည်း ခူးဆွတ်ရောင်းချကြလေ့ရှိသလို အပင်ပြတ်ဝယ်ယူသူများထံ ရောင်းချခြင်းများလည်းရှိကြောင်း သိရှိရပါသည်။ “သရက်အသီးကင်းက ဒီလိုပေါ်ကာစအချိန်ဆို ရောင်းရကြောင်း၊ ဈေးကောင်းလည်းရရှိကြောင်း သိရှိရသည်။ နောက်ပိုင်း အသီးလှိုင်လှိုင်ပေါ်ချိန်ကျ ဈေးသိပ်မရတော့ကြောင်း သိရသည်။ အခုချိန်ကတော့ ဈေးကြီးလည်း ဝယ်စားကြတာပဲ” လို့ သရက်ကင်းရောင်းသူတစ်ဦးက ပြောပါတယ်။
Source: opinionleadersmedia.com

 

Category: Local News